ကိုယ်ရေးအချက်အလက် မူဝါဒ အပြည့်အစုံ
ကျွန်တော်တို့ စုဆောင်းတဲ့ အချက်အလက်တွေက ဘာတွေလဲ။ အကောင့်ဖွင့်တဲ့အခါ သင့်ဖုန်းနံပါတ်၊ အမည်၊ ငွေပေးချေမှုအတွက် လိုအပ်တဲ့ KBZPay၊ WavePay သို့မဟုတ် AYA Pay အကောင့်နံပါတ်တို့ကို ယူပါတယ်။ ဝက်ဘ်ဆိုက်ကို သင်အသုံးပြုတဲ့အခါ IP လိပ်စာ၊ စက်အမျိုးအစား၊ ဝင်ရောက်ချိန်တို့ကိုလည်း မှတ်တမ်းတင်ပါတယ်။ ဒီအချက်အလက်တွေကို ဘာအတွက် သုံးလဲ—သင့်အကောင့်ကို လုံခြုံအောင်ထိန်းဖို့၊ ငွေသွင်းငွေထုတ် မှန်ကန်ကြောင်း အတည်ပြုဖို့၊ သင့်ကို ဆက်သွယ်ဖို့လိုရင် ဆက်သွယ်ဖို့ပါ။ တတိယပါတီကို မျှဝေတာလား—ငွေလွှဲမှု စစ်ဆေးရေးလိုအပ်ချက်အရ ငွေပေးချေ ဝန်ဆောင်မှုပံ့ပိုးသူတွေနဲ့ မဖြစ်မနေ မျှဝေရတဲ့ အပိုင်းရှိပါတယ်။ ဒါပေမယ့် ကြော်ငြာအတွက် သို့မဟုတ် မသက်ဆိုင်တဲ့ ကုမ္ပဏီတွေကို
-
1
ရောင်းချတာမျိုး မလုပ်ပါဘူး။ သင့်ဒေသ ဥပဒေအရ ဝင်ရောက်ခွင့်နဲ့ တရားဝင်အသုံးပြုခွင့်ရှိမှု ကွဲပြားနိုင်ပါတယ်။ ဒီမူဝါဒကို အခါအားလျော်စွာ ပြင်ဆင်နိုင်ပြီး အပြောင်းအလဲရှိရင် သင့်မှတ်ပုံတင် ဖုန်းနံပါတ် သို့မဟုတ် အကောင့်ထဲ ကြေညာပေးပါမယ်။ မေးစရာရှိရင် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအဖွဲ့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
ဝန်ဆောင်မှုရရှိနိုင်မှုသည် တိုင်းဒေသဆိုင်ရာဥပဒေပေါ်မူတည်သည်။ အသုံးပြုသူသည် ဥပဒေစစ်ဆေးရန်တာဝန်ရှိသည်။